Monday, September 24, 2007

ကျနော်ပြင်ဦးလွင် မှာအနေများတယ်ဗျ ၊အဲဒီမြို့အကြောင်းတော့သိပ်မသိပါဘူး။
ဒါပေမယ့် အဲဒီမှာနေတဲ့ လူတန်းစားတစ်ရပ်အကြောင်းတော့ နဲနဲသိသလိုဘဲ ဒါနဲ့
မန္တလေးရောက်တုံး အဲဒီအလွှာ ထဲကတစ်ချို့သောအပိုင်း အစတွေကို ကဗျာကယာ
နဲ့ကဗျာလိုဖန်တီးကြည့်တယ်။ အတင်းပြောတာမဟုတ်ပါ။ဝါသနာကိုမပါတာ......။

နားမှာ Sanyo
လက်မှာ Rado
ခါးမှာ Handphone
ဖွာတော့ (5) သုံးလုံး..။
ပခုံးမှာ star
ကားမှာ star
ခါးမှာ Pisto
တပ်တာ Ao
ပေါက်တော့ ဂနို
လုပ်တော့...စစ်ဗို..။
(စစ်ဗို နော် စစ်ဗိုလ် ကို ပြောတာမဟုတ်ဘူး
မလုံမလဲ မဖြစ်ကြနဲ့..နော်လို့...ကြောက်လို့ဂျ ..)
(ဂနို ဆိုတာသိတယ်နော် ၊အသားအရည်လှအောင်
လိမ်းတဲ့ Gano(ဂါနို) ဆေးတော့မထင်နဲ့ ခင်ဗျ..။ )
ကျက်သရေကင်းတဲ့
မင်းရဲ့မျက်နှာ မကြည့်ပါဘူး..
မင်းဟာ ငဖါး ကြီးဘဲဟေ့။
အရာရှိဆိုအနားကိုကပ်
ပတ်ချွဲ နှပ်ချွဲ အဖြစ်သဲတယ်
ဘာကိုလုပ်လုပ် ဆရာဆိုပြီး
ခါးကိုကိုင်းရပ် ၊သိပ်ဖားတတ်တယ်
မတ်တတ်ရပ်လဲ ကနွဲ့ကယနဲ့
ရှေ့ကို ယိုင်လဲအုံးမယ်နော်။
ဟေ့....တော်တော့ကွာ
မင်းကမှလိပ်၊ တကယ့်လိပ်
ကိုယ့်ဘက်ကိုယက်၊သိပ်ကိုခက်တယ်...၊
ကိုယ့်အိတ်ကိုဘဲ ၊ပြည့်အောင်ဖြည့်တယ်...။
ဟာ......ကိုယ့်လူတို့ ....
အတူတူနေ၊ အတူတူကြွား
ဝေကာစားပေါ့......
စကားမဆူ၊ ရန်မမူနဲ့ ..
လူတွေသိကုန်ဦးမယ်ဟေ့......။

Friday, September 21, 2007

တောလုံးအရှင်ခြင်္သေ့ဘုရင်ပဲပြောပြော
ကေသရာဇာလို့ပဲဆိုဆို..
ပခုးနှစ်ဘက်ခြားခေါင်းထွက်တဲ့
လူတစ်ယောက်တော့မဖြစ်နိုင်ဘူး..၊
တိရစ္ဆာန်ဟာတိရစ္ဆာန်ပါပဲ။
တောလုံးအရှင်ခြင်္သေ့ဘုရင်ပဲပြောပြော
ကေသရာဇာလို့ပဲဆိုဆို..
အသွေးအသက်စားမှအသက်ရှင်ရတဲ့
ခြေလေးချောင်နဲ့..
သတ္တ၀ါတစ်ကောင်ပါပဲ..။
ဒါကိုပဲ......
ရဲသယောင်..စွမ်းသယောင်
ခေတ်အဆက်ဆက်သူရဲကောင်းတွေတောင်..
ခစားရမယောင်၊
ဗိုလ်ချူပ်ကိုတောင်ရာဇ၀င်ထဲရောက်အောင်
တိုင်ထိပ်မှာချည်..လက်မောင်းသီပြီး
ခြင်္သေ့လိုရဲရင့်ကြမလို့တဲ့လေ...။
တောလုံးအရှင်ခြင်္သေ့ဘုရင်ကို
ကြောက်လို့ခစား..ယုံသငယ်များနှင့်
အရိုးအရင်းမြှောင်စား..မြေခွေးများသာ..
ခစားကြတာ....ဟု
ပုံပြင်တွေမှာဆိုထားတာ..။
ပုံပြင်အတိုင်းဆိုကာငြားမူ....
ခြင်္သေ့ကိုးကွယ်သူတို့တွေမှာ
ကြောက်လို့ခစားယုံသငယ်တော့မဖြစ်တန်ရာ..
အရိုးအရင်းမြှောင်စား..မြေခွေးများသာ
ဖြစ်မည်အံ့...၊
သြ...သနားစရာ..သနားစရာ..။
(ကြံ့ဖွတ်မဟုတ်ဘူး..မြေခွေးတဲ့....မြေခွေး)
ဒီကောင်တွေကအုပ်စုဖွဲ့ပြီးနေတယ်ပြောတယ်
တစ်ယောက်ထဲဆိုဆွဲခဲလိမ့်မယ်..။


Monday, August 27, 2007

သက်ဝင်လှုပ်ရှားနေတဲ့
မန္တလေးဆည်းဆာအကုန်မှာ..
မောင်းသူနဲ့ပြောင်းပြန်အချိုးကျတဲ့
မျက်လုံးပြူးပြူး ကားတွေလဲပါရဲ့၊
အိမ်အပြန်လေဆန်တိုးနေတဲ့
သိပ်ပံလမ်းကစက်ဘီးတွေလဲပါရဲ့..၊
တစ်နေ့လုပ်တစ်နေ့စား
လက်ဖ၀ါးခပ်ကြမ်းကြမ်းတွေလဲပါရဲ့..၊
ခြင်္သေ့တွေအပြိုင်စီးနေကြသူများကြား
အိပ်ကပ်ခပ်ပါးပါး မလောက်လေးမလောက်စား
ကျနော်တို့သူငယ်ချင်းတစ်သိုက်လဲပါရဲ့..၊
လက်ပြစရာမရှိတဲ့ဘူတာက
ရထားအလာမျှော်နေတဲ့
ဇလီဖားတုံးတွေပေါ်က
အမြုံမဲ့ကလေးတွေလဲပါရဲ့..၊
အဲဒီမှာ......
မီးရောင်မှိန်ရင့်ရင့်တွေအောက်က
ရုန်းကြွတဲ့ကောက်ကြောင်းတွေအတွက်
ဘီယာခွက်တွေနဲ့ဆူပွက်နေသူတွေလဲပါရဲ့..၊
ဘယ်လိုဆက်ယှက်မှုမျိုးနဲ့ရှင်သန်ခဲ့မှန်းမသိတဲ့
ယဉ်ကျေးမှုပျက်တွေလဲပါရဲ့..၊
ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့
နေ့တာတိုတဲ့မန္တလေးဆောင်းညတွေရောက်ရင်
ရိုးရာဗုံသံတွေနားထောင်ရအောင်
အဆိုးတွေကိုခ၀ါချ
အပြုံးတွေနဲ့ထုဆစ်
ကျနော်တို့မန္တလေးမှာ....
ကောင်ကင်အသစ်တွေဖြစ်ပါစေ....။

Saturday, August 25, 2007

မပြောမဆိုလုပ်ပုံက...အကျင့်ပါ
အပြောအဆိုမတတ်တာက...ဗီဇပါ
အပြောနဲ့အလုပ်က...ဟုတ်ကိုမဟုတ်တာ
ဒါတွေဟာ....
ကျနော်တို့...မူလတန်းကတည်းကပါ..။
အခုလဲလုပ်ပုံ..
ဓါတ်ဆီက..နှစ်ထောင့်ငါးရာ..
ဒီဇယ်က..သုံးထောင်
ထုတ်ဈေးတောင်မချောင်၊
ဓါတ်ဆီက..သုံးထောင့်ကိုးရာ..
ဒီဇယ်က..လေးထောင့်နှစ်ရာ
အပြင်ဈေးကမစားသာ..၊
တော်သေးတာက..
ကျနော်စီးတာ...မတလ
မူဆယ်(မဆ)ခွတဲ့..အကိုတော့
ဆီဖိုးနဲ့တင်..ကွဲပြီပေါ့..။
(မရည်ရွယ်ပါ..၊ကျနော့အကို ကိုကြည်ဇယ်တာ)

Friday, August 24, 2007

ခလေး သင်ပုန်းကြီး
မန္တလေးမှာ
နေပူတော့လည်း...အရမ်းပူ
စည်ပင်လှည်းလည်း...ဖုန်ကထူ
အမှိုက်ကားမလာတာလည်း...ကြာလှဆို
ရေလာတော့လည်း..ph11
မီးလာတော့လည်း...မီတာလည်တာအရမ်း..။
မိုးရွာတော့လည်း
မြို့တစ်ဝှမ်း
မြောင်းတွေပိတ်လို့ရေတွေလွှမ်း
၈၄ ထိလှေစခန်း..။
ဆိုင်ကယ်စီးရင်
သတိအစဉ်
ရေလွှမ်းနေလို့မမြင်ရ..
လမ်းမှာအပေါက်(ချိုင့်)ရှိတယ်..ဂျ။
တာရိုးနားကနေအိမ်တွေရေ၀င်နေပြီလေ
မယုံရင်သွားကြည့်ကြ..
ကျွဲစွန်အနောက်ထိပ်က..။
၂၆ကအိမ်တွေလဲ
အောက်ထပ်နိမ့်ရင်ဝင်တာပဲ..။
ကားအပြောင်ကြီးစီးကာကွယ်
သူတို့လာကြတယ်
တခါးဖွင့်ကာဆင်းလာကြ
မျက်မှန်အမဲကြီးနဲ့ဗျ..
ဆင်းကတည်းကသုတ်လိုက်တာ
မျက်နှာsnow towel
တောင်လျှောက်မြောက်လျှောက် လျှောက်ကြည့်တော့
ခြေလှမ်း(၅၀)ပေါ့..။
ဘယ်ညာခါးမှာချိတ်ထားတာ....ဘာတွေမသိပါ
နောက်ပါတော်တွေက ပြူးတူးပြဲတဲ
ချတာအကုန်ဆွဲ..
ပိုရင်ပါဆယ်တွဲ..။
သူဘာလုပ်မလဲသိချင်ကာ
လူတွေတိုးကြတာ
ရာသီဥတုပူလို့လား
ဖျော်ရည်သောက်တာ..တအား
ဆိုဖာပေါ်ကထရပ်ကာ
ခါးပတ်လျှော့လေတာ..
ရေကိုကျိုချက်သောက်လေကြ...မိန့်တော်မူတယ်ဗျ..။
ကားပေါ်တက်ခါနှုတ်ဆက်ကာ
လက်ပြပြန်သွားတာ..
ဘာလုပ်ပေးမလဲသိချင်တဲ့
လူတွေခေါင်းစိုက်ကွဲ့..။
ရေလဲ..တိုးလျက်...ကျလျက်..။
ချွင်းချက်.........
မန်းတောင်ရိပ်မှာနေသူတွေ
သူတို့မပါပေ...
(၈)မိုင်ပတ်လည်အပြည့်တား
သီးခြားမြို့လေလား..။
၂၄နာရီ မီး၊ရေကျ
ဖုန်ရေမလွှမ်းရ..
အားကျသူတို့ကံကို.....ဂျ..။
(အပေါ်ယံမြင်ကြည့်တာ၊ဒီ့ထက်အတွင်းကျသွားရင်..
အတွင်းရောက်မှာစိုးကြောက်တယ်၊
ကျနော် လူပျို ရင်ခုန်ဆဲ၊လွတ်လပ်မှုကိုနှစ်သက်တယ်။
ဆက်လက်ရှင်သန်မယ်...။)
ဝရုန်းသုန်းကားနဲ့
လေလုံးထွားတဲ့စကားတွေမပြောချင်ဘူး၊
ပါးစပ်ကအမြှုပ်ထွက်ရလောက်အောင်
သူတို့ဘဲပြောစရာရှိလား...
ပြည့်နေတဲ့အိုးကျတော့ဖြည့်လိုက်ကျတာ
မပြည့်တဲ့အိုးကျတော့
ကိုယ်ချင်းစာပါတယ်ဆိုတဲ့မျက်ဝန်းတွေနဲ့...
သူတို့တွေမှာတော့
မကျေနပ်တိုင်းဖိနင်းဖို့မြက်တစ်ပင်တောင်မရှိခဲ့...
သူတို့ကျပြန်တော့
သင်္ချိုင်းကိုတောင်ခြံခတ်ချင်ကြသတဲ့၊
ရူးနေလိုက်ကြတာ
မင်းလဲအရူး
အားလုံးအရူးပဲ...
အရူးကတစ်မူးသာတယ်ဆိုတောင်
ဂန္တ၀င်အရူးပဲဖြစ်ချင်သတဲ့။
====================


လောကကြီးရဲ့
အရာတိုင်းလိုမှာ..
ပကာသနတွေနဲ့ချိန်ထိုး
ငွေလောက်သာမက်မောတတ်တဲ့
လောကီထဲကလူတစ်ချို့ရဲ့
ရင်တွင်းစိတ်မှာ
ချစ်ခြင်းဆိုတာရှိနိုင်ပါရဲ့လား.....။
မချစ်သော်လည်းအောင့်ကာနမ်းတတ်တဲ့
မျက်နှာဖုံးအတုတွေနဲ့
သူတို့တွေရဲ့ချစ်ခြင်းကရော
ဖြူစင်ပါရဲ့လား.....။
calculator မသုံးတတ်တဲ့
ငါတို့ရဲ့နှလုံးသားတွေက
မိုက်မဲလှပါသတဲ့...၊
မကုန်ခမ်းနိုင်တဲ့
ငါတို့ရဲ့ကြင်နာခြင်းတွေက
နာကြင်မှုတွေဖြစ်လာနိုင်သတဲ့...။
..........ရေ
သူတို့တွေတိုက်ခိုက်နေကြတဲ့
မိုက်မဲတယ်ဆိုတဲ့အချစ်တွေ....
နာကျင်မှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့အရာတွေ....ကို
ငါတို့နှစ်ယောက်ရဲ့
သစ္စာတရားနဲ့စီချယ်
မပျက်စီးတော့တဲ့ပုံစံအဖြစ်နဲ့
အလှဆုံးဖန်တီးပြီး
သူတို့တွေအတွက်..
ပေးလိုက်ကြရအောင်.......လက်ဆောင်...။
ချစ်ခြင်တရားရဲ့
ဖြူစင်(ခိုင်မာ)မှုကို
သူတို့နားလည်စေချင်တယ်....။

(စိတ်ကူးယဉ်ကြည့်တာပါ၊လက်တွေ့မှာမလွယ်ပါ၊
ကျနော့ဘေးမှာမရှိတာjuly:2ကတည်းကပေါ့..။)
====================

ငါ့ကိုဒုက္ခပေးတဲ့မိန်းမ
ကွမ်ရင်မယ်တော်ကယ်ပါလို့လဲ
ဆုတောင်းပါတယ်...
တောင်ပေါ်လေကြမ်းမိပါစေလို့လဲ
ဆူတောင်းပါတယ်ယ်....။

(ဂျပန်ကဗျာ ကဆိုတာပါ...။)

myspace codes
Click here for Myspace glitter graphics and Myspace layouts