Monday, August 27, 2007

သက်ဝင်လှုပ်ရှားနေတဲ့
မန္တလေးဆည်းဆာအကုန်မှာ..
မောင်းသူနဲ့ပြောင်းပြန်အချိုးကျတဲ့
မျက်လုံးပြူးပြူး ကားတွေလဲပါရဲ့၊
အိမ်အပြန်လေဆန်တိုးနေတဲ့
သိပ်ပံလမ်းကစက်ဘီးတွေလဲပါရဲ့..၊
တစ်နေ့လုပ်တစ်နေ့စား
လက်ဖ၀ါးခပ်ကြမ်းကြမ်းတွေလဲပါရဲ့..၊
ခြင်္သေ့တွေအပြိုင်စီးနေကြသူများကြား
အိပ်ကပ်ခပ်ပါးပါး မလောက်လေးမလောက်စား
ကျနော်တို့သူငယ်ချင်းတစ်သိုက်လဲပါရဲ့..၊
လက်ပြစရာမရှိတဲ့ဘူတာက
ရထားအလာမျှော်နေတဲ့
ဇလီဖားတုံးတွေပေါ်က
အမြုံမဲ့ကလေးတွေလဲပါရဲ့..၊
အဲဒီမှာ......
မီးရောင်မှိန်ရင့်ရင့်တွေအောက်က
ရုန်းကြွတဲ့ကောက်ကြောင်းတွေအတွက်
ဘီယာခွက်တွေနဲ့ဆူပွက်နေသူတွေလဲပါရဲ့..၊
ဘယ်လိုဆက်ယှက်မှုမျိုးနဲ့ရှင်သန်ခဲ့မှန်းမသိတဲ့
ယဉ်ကျေးမှုပျက်တွေလဲပါရဲ့..၊
ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့
နေ့တာတိုတဲ့မန္တလေးဆောင်းညတွေရောက်ရင်
ရိုးရာဗုံသံတွေနားထောင်ရအောင်
အဆိုးတွေကိုခ၀ါချ
အပြုံးတွေနဲ့ထုဆစ်
ကျနော်တို့မန္တလေးမှာ....
ကောင်ကင်အသစ်တွေဖြစ်ပါစေ....။

Saturday, August 25, 2007

မပြောမဆိုလုပ်ပုံက...အကျင့်ပါ
အပြောအဆိုမတတ်တာက...ဗီဇပါ
အပြောနဲ့အလုပ်က...ဟုတ်ကိုမဟုတ်တာ
ဒါတွေဟာ....
ကျနော်တို့...မူလတန်းကတည်းကပါ..။
အခုလဲလုပ်ပုံ..
ဓါတ်ဆီက..နှစ်ထောင့်ငါးရာ..
ဒီဇယ်က..သုံးထောင်
ထုတ်ဈေးတောင်မချောင်၊
ဓါတ်ဆီက..သုံးထောင့်ကိုးရာ..
ဒီဇယ်က..လေးထောင့်နှစ်ရာ
အပြင်ဈေးကမစားသာ..၊
တော်သေးတာက..
ကျနော်စီးတာ...မတလ
မူဆယ်(မဆ)ခွတဲ့..အကိုတော့
ဆီဖိုးနဲ့တင်..ကွဲပြီပေါ့..။
(မရည်ရွယ်ပါ..၊ကျနော့အကို ကိုကြည်ဇယ်တာ)

Friday, August 24, 2007

ခလေး သင်ပုန်းကြီး
မန္တလေးမှာ
နေပူတော့လည်း...အရမ်းပူ
စည်ပင်လှည်းလည်း...ဖုန်ကထူ
အမှိုက်ကားမလာတာလည်း...ကြာလှဆို
ရေလာတော့လည်း..ph11
မီးလာတော့လည်း...မီတာလည်တာအရမ်း..။
မိုးရွာတော့လည်း
မြို့တစ်ဝှမ်း
မြောင်းတွေပိတ်လို့ရေတွေလွှမ်း
၈၄ ထိလှေစခန်း..။
ဆိုင်ကယ်စီးရင်
သတိအစဉ်
ရေလွှမ်းနေလို့မမြင်ရ..
လမ်းမှာအပေါက်(ချိုင့်)ရှိတယ်..ဂျ။
တာရိုးနားကနေအိမ်တွေရေ၀င်နေပြီလေ
မယုံရင်သွားကြည့်ကြ..
ကျွဲစွန်အနောက်ထိပ်က..။
၂၆ကအိမ်တွေလဲ
အောက်ထပ်နိမ့်ရင်ဝင်တာပဲ..။
ကားအပြောင်ကြီးစီးကာကွယ်
သူတို့လာကြတယ်
တခါးဖွင့်ကာဆင်းလာကြ
မျက်မှန်အမဲကြီးနဲ့ဗျ..
ဆင်းကတည်းကသုတ်လိုက်တာ
မျက်နှာsnow towel
တောင်လျှောက်မြောက်လျှောက် လျှောက်ကြည့်တော့
ခြေလှမ်း(၅၀)ပေါ့..။
ဘယ်ညာခါးမှာချိတ်ထားတာ....ဘာတွေမသိပါ
နောက်ပါတော်တွေက ပြူးတူးပြဲတဲ
ချတာအကုန်ဆွဲ..
ပိုရင်ပါဆယ်တွဲ..။
သူဘာလုပ်မလဲသိချင်ကာ
လူတွေတိုးကြတာ
ရာသီဥတုပူလို့လား
ဖျော်ရည်သောက်တာ..တအား
ဆိုဖာပေါ်ကထရပ်ကာ
ခါးပတ်လျှော့လေတာ..
ရေကိုကျိုချက်သောက်လေကြ...မိန့်တော်မူတယ်ဗျ..။
ကားပေါ်တက်ခါနှုတ်ဆက်ကာ
လက်ပြပြန်သွားတာ..
ဘာလုပ်ပေးမလဲသိချင်တဲ့
လူတွေခေါင်းစိုက်ကွဲ့..။
ရေလဲ..တိုးလျက်...ကျလျက်..။
ချွင်းချက်.........
မန်းတောင်ရိပ်မှာနေသူတွေ
သူတို့မပါပေ...
(၈)မိုင်ပတ်လည်အပြည့်တား
သီးခြားမြို့လေလား..။
၂၄နာရီ မီး၊ရေကျ
ဖုန်ရေမလွှမ်းရ..
အားကျသူတို့ကံကို.....ဂျ..။
(အပေါ်ယံမြင်ကြည့်တာ၊ဒီ့ထက်အတွင်းကျသွားရင်..
အတွင်းရောက်မှာစိုးကြောက်တယ်၊
ကျနော် လူပျို ရင်ခုန်ဆဲ၊လွတ်လပ်မှုကိုနှစ်သက်တယ်။
ဆက်လက်ရှင်သန်မယ်...။)
ဝရုန်းသုန်းကားနဲ့
လေလုံးထွားတဲ့စကားတွေမပြောချင်ဘူး၊
ပါးစပ်ကအမြှုပ်ထွက်ရလောက်အောင်
သူတို့ဘဲပြောစရာရှိလား...
ပြည့်နေတဲ့အိုးကျတော့ဖြည့်လိုက်ကျတာ
မပြည့်တဲ့အိုးကျတော့
ကိုယ်ချင်းစာပါတယ်ဆိုတဲ့မျက်ဝန်းတွေနဲ့...
သူတို့တွေမှာတော့
မကျေနပ်တိုင်းဖိနင်းဖို့မြက်တစ်ပင်တောင်မရှိခဲ့...
သူတို့ကျပြန်တော့
သင်္ချိုင်းကိုတောင်ခြံခတ်ချင်ကြသတဲ့၊
ရူးနေလိုက်ကြတာ
မင်းလဲအရူး
အားလုံးအရူးပဲ...
အရူးကတစ်မူးသာတယ်ဆိုတောင်
ဂန္တ၀င်အရူးပဲဖြစ်ချင်သတဲ့။
====================


လောကကြီးရဲ့
အရာတိုင်းလိုမှာ..
ပကာသနတွေနဲ့ချိန်ထိုး
ငွေလောက်သာမက်မောတတ်တဲ့
လောကီထဲကလူတစ်ချို့ရဲ့
ရင်တွင်းစိတ်မှာ
ချစ်ခြင်းဆိုတာရှိနိုင်ပါရဲ့လား.....။
မချစ်သော်လည်းအောင့်ကာနမ်းတတ်တဲ့
မျက်နှာဖုံးအတုတွေနဲ့
သူတို့တွေရဲ့ချစ်ခြင်းကရော
ဖြူစင်ပါရဲ့လား.....။
calculator မသုံးတတ်တဲ့
ငါတို့ရဲ့နှလုံးသားတွေက
မိုက်မဲလှပါသတဲ့...၊
မကုန်ခမ်းနိုင်တဲ့
ငါတို့ရဲ့ကြင်နာခြင်းတွေက
နာကြင်မှုတွေဖြစ်လာနိုင်သတဲ့...။
..........ရေ
သူတို့တွေတိုက်ခိုက်နေကြတဲ့
မိုက်မဲတယ်ဆိုတဲ့အချစ်တွေ....
နာကျင်မှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့အရာတွေ....ကို
ငါတို့နှစ်ယောက်ရဲ့
သစ္စာတရားနဲ့စီချယ်
မပျက်စီးတော့တဲ့ပုံစံအဖြစ်နဲ့
အလှဆုံးဖန်တီးပြီး
သူတို့တွေအတွက်..
ပေးလိုက်ကြရအောင်.......လက်ဆောင်...။
ချစ်ခြင်တရားရဲ့
ဖြူစင်(ခိုင်မာ)မှုကို
သူတို့နားလည်စေချင်တယ်....။

(စိတ်ကူးယဉ်ကြည့်တာပါ၊လက်တွေ့မှာမလွယ်ပါ၊
ကျနော့ဘေးမှာမရှိတာjuly:2ကတည်းကပေါ့..။)
====================

ငါ့ကိုဒုက္ခပေးတဲ့မိန်းမ
ကွမ်ရင်မယ်တော်ကယ်ပါလို့လဲ
ဆုတောင်းပါတယ်...
တောင်ပေါ်လေကြမ်းမိပါစေလို့လဲ
ဆူတောင်းပါတယ်ယ်....။

(ဂျပန်ကဗျာ ကဆိုတာပါ...။)

Thursday, August 23, 2007

ခေါင်းစဉ်ပေး ပေးပါ....

ပြီးခဲ့တဲ့(၁၃)ရက်နေ့ကခရီးတစ်ခုသွားဖြစ်ခဲ့တယ်။ရန်ကုန်ကိုပါ။ရန်ကုန်မှာ ဟိုပြေး၊ဒီပြေးနဲ့ (၂၀)ရက်နေ့မှမန္တလေးရောက်တယ်။ကားခတွေ၊၀ါးခတွေ၊ခေါင်းချစရာတွေက
အရမ်းကိုတက်တယ်ဗျာ။လူတွေစီတန်းပြီးလှည့်နေတာတွေလဲတွေ့ခဲ့တယ်။
တကယ်ကိုပျက်နေပြီ။(ကားတွေပါ)။
ရန်ကုန်နဲ့မန္တလေးက color နဲနဲကွဲတယ်၊မန္တလေးမှာဆို ဈေးချိုဝန်းကျင်နဲ့ ရတနာပုံဈေးဝန်းကျင် မတူသလိုပေါ့၊
ရန်ကုန်ကပိုပြီးcolorစုံတယ်။ဒါနဲ့ကုန်ကြမ်းတွေရလိုက်တာပေါ့။ရောက်ရောက်ခြင်းရေးမလို့ပါ။
အရှုပ်တွေရှင်းနေရလို့။ခုတော့အေးဆေးပါ။
ဒါပေမယ့် ကျနော်ရေးချင်တာများတယ်ဗျ။မမှတ်မိတော့ဘူး။ရှင်းတဲ့ထဲပါသွားလို့
ကျန်တာပဲရေးလိုက်တယ်။
ရန်ကုန်လက်ဆောင်ပေါ့။အဆင်ပြေပါတယ်။
====================

အင်္ကျီပန်းရောင်
စကတ်တစ်တောင်နဲ့
အပြုံးတွေဆောင်ထားတဲ့
ကြောင်ကလေးတွေရဲ့
plazaအဆင်းက
ခြေလှမ်းကြွကြွတွေကို
တစ်ခါကြည့်လိုက်တာ
အခါခါသေဖို့စီရင်တယ်၊
ဒီ့အတွက်...
ဆွဲချက်တင်မယ်ဆိုရင်
တရားသူကြီးမပါတဲ့
ခုံရုံးရှေ့မှာဝန်ခံပါရစေ
အဲဒီ ကြောင်ကလေးတွေကိုပေါ့...
ကောင်းကင်မှာတင်ပြီး
သတိရတိုင်းမော့ကြည့်ချင်လို့(အပြုံးတွေ)
တစ်ခုတော့ အယူခံပါရစေ...
အချုပ်ချမယ်ဆိုရင်
ကောင်းကင်ကိုမြင်နိုင်တဲ့
အမိုးမဲ့အခန်းထဲမှာ ထားပါ
ကေင်းကင်ကြီးကိုမမြင်ရရင်
(၀မ်းနည်းတတ်လို့...)
အဟီး.........
====================


ပေတံတွေ
လှံတွေ
ပလူပျံနေတဲ့
လူ့အသိုင်း အ၀ိုင်းမှာ...
အဆောင်အယောင်က အနှစ်
လူက အကာ
သီအိုရီအသစ်တွေက
မညှာမတာ...
ကိုယ်ရေသွေးမိုးတွေကြားမှာ
အသက်ရှုရတာ
ကျပ်လိုက်တာ။
====================


ဂိတ်စောင့်ရဲ့မီးဖိုဟာ
တစ်ညလုံးတောက်လောင်ခဲ့ပေမယ့်...
အာရုံကျင်းလို့
အလင်းဝင်တော့
ပြာကျကုန်ပေါ့။

(ဂျပန် ကဗျာလေးပါ၊ရှင်းတယ်၊ကြိုက်လို့ပါ။)








Friday, August 10, 2007

မရည်ရွယ်ပါဗျာ......


လက်သဲဝှက်မှားတဲ့... ကြောင်ကလေးတွေ
ပစ်မှတ်လွဲလို့..မျက်ရည်ရွှဲကျသတဲ့
ရင်တွေကွဲအောင် ...ငိုပြပလေ့စေ
မလွမ်းနဲ့..
မဆွေးနဲ့..
မငိုနဲ့..
........နဲ့
.......နဲ့
....နဲ့ပေါင်းများစွာနဲ့
သူတို့ရဲ့လက်ထဲ... ၀ှက်ဖဲတစ်ချပ်

တောင်ပံတွေ ခပ်နေလေရဲ့.......

(အဲဒီဝှက်ဖဲကို ကျနော်လဲမသိခဲ့တာပါ)


ကျွန်တော်ကပင်လယ်ကိုအားကျမိတယ်
သူ့ရှေ့မှာမာယာတွေခြောက်ခြား
သူကတော့ဝါးမျိုလိုက်ရုံပဲ....
အမြင့်မှာကျက်စားချင်ပေမယ့်
ရော်ရွက်ဝါလိုလေနှင်ရာ မလွင့်ပါးချင်ဘူး
လွတ်လပ်တဲ့ အတောင်တစ်စုံနဲ့
ဂဋုန်တစ်ကောင်လိုမာန်ဝင့်
(m၀nday မတိုင်မီမွေးတာပါ)
ရဲရင့်တဲ့ကျားတစ်ကောင်လို...

ပြုံးနေချင်တယ်၊

ဒါပေမယ့်....
မေခလာရေ
မင်းမလာပါနဲ့
ငါ့လက်တွေ မညောင်းသေးပါဘူး
မမြင်ရတဲ့ ငါ့ရဲ့ကျွန်းကလေးပေါ်မှာ
မီးတိုင်တစ်ခုသာထွန်းပေးပါ..



မွေးဖွားခြင်းနဲ့ သေဆုံးခြင်းလောက်
ဘယ်ဟာမှသေသေချာချာမပိုင်တဲ့...လူ
ရှင်သန်ခြင်းအသိတွေက
ဒီရေလို မငြိမ်ဘူး..
ဖြစ်တာတွေက.. ဖြစ်
ပျက်တာတွေက..ပျက်
ဖြစ်ပျက်.... ပျက်ဖြစ်


လုပ်စရာပေါ်လာလို. နောက်မှ...



Wednesday, August 8, 2007

စတင်ခြင်း

ကျွန်တော်က ကဗျာတွေကိုစိတ်ဝင်စားတယ်။အတွင်းကျကျတော့ မသိဘူး။ကဗျာဆရာတစ်ဦးလဲမဟုတ်ပါ။ကဗျာဆရာတွေက
ိုအားကျတဲ့ ၀ါသနာရှင်တစ်ဦးပါ။ကဗျာဆိုဖတ်တယ်၊
တူရင်လဲဖတ်တယ်။ပေါ.ပေါ.ပါးပါးလေးဆိုပိုကြိုက်တယ်။
မပေါ့မပါးကြီးနဲ.ဆိုလိုလဲနှစ်သက်တာပဲ၊
ကဗျာပါ။အမျိုးအစားမသိတဲ့ကဗျာအပိုင်းအစတွေတော့ရှိတယ်။
သူငယ်ချင်းတွေနဲ.(?ကလွဲလို.ဘယ်သူမှမဖတ်ဖူးကြပါဘူး။
ကျောင်းတုံးကပါ။အခုဖတ်တဲ့သူကကျွန်တော်တစ်ဦးထဲ။
ပြီးခဲ့တဲ့ရက်ပီုင်းလောက်က blogတစ်ခုကိုဖတ်မိတယ်။
စိတ်ဝင်စားသွားတယ်ဆိုပါစို.။ကျွန်တော်လဲ စာတွေရေးပြီး
စိတ်ဝင်စားသူတွေ၊၀ါသနာတူသူတွေ၊လမ်းကြုံလို.
ရောက်လာသူတွေ၊လာလည်သူတွေ၊ရှာရင်းဖွေရင်း
ရောက်ခဲ့သူတွေကိုချပြချင်တာ။တခြားရည်ရွယ်ချက်မရှိပါ။
ဒါနဲ. လေ့လာရင်း သင်ယူရင်းပထမဆုံး စတင်ြခင်း ကို
အသက်သွင်းတယ်ဆိုပါတော့။သင်ယူရဦးမဲ့ ကလေးလေးပဲ ရှိပါသေးတယ်။မပြည့်စုံမရင့်ကျက်သေးပါ။စတင်သူကတော့၅၂နှစ်၊လူပျို၊
ရင်ခုံဆဲ၊မား(မှား)သွားတယ်။၂၅နှစ်ပါ။ဒါနဲ...အသက်သွင်းပေးတဲ့သှူရှိသေးတယ်၊
နောက်မှပြောတာပေါ့အကြံပေး၊ဝေဖန်ရေးကို ကြိုဆိုပါတယ်။ကျေးဇူးပါ။
ကျွန်တော့ကို တူညီတဲ့ မတူညီတဲ့ခံစားမှုများပေးသော
ပတ်ဝန်းကျင်။ စိတ်ကူးယဥြ်ခင်း၊ပျော်ရွှင်ခြင်း၊၀မ်းနဲခြင်း၊
ပါဝင်ဆင်နွှဲရခြင်းတို.ကိုဖန်တီးပေးသော အခြေအနေအရပ်ရပ်၊
အယူအဆမတူသော်လဲ ဖတ်ဖြစ်ခဲ့သောသူငယ်ချင်းများ
ဝါသနာပါသော(သို.)
အလည်လာသူများကို..ကျေးဇူးကမ္ဘာ


လုပ်စရာပေါ်လာလို. နောက်မှ...ှ
myspace codes
Click here for Myspace glitter graphics and Myspace layouts