Friday, September 21, 2007

တောလုံးအရှင်ခြင်္သေ့ဘုရင်ပဲပြောပြော
ကေသရာဇာလို့ပဲဆိုဆို..
ပခုးနှစ်ဘက်ခြားခေါင်းထွက်တဲ့
လူတစ်ယောက်တော့မဖြစ်နိုင်ဘူး..၊
တိရစ္ဆာန်ဟာတိရစ္ဆာန်ပါပဲ။
တောလုံးအရှင်ခြင်္သေ့ဘုရင်ပဲပြောပြော
ကေသရာဇာလို့ပဲဆိုဆို..
အသွေးအသက်စားမှအသက်ရှင်ရတဲ့
ခြေလေးချောင်နဲ့..
သတ္တ၀ါတစ်ကောင်ပါပဲ..။
ဒါကိုပဲ......
ရဲသယောင်..စွမ်းသယောင်
ခေတ်အဆက်ဆက်သူရဲကောင်းတွေတောင်..
ခစားရမယောင်၊
ဗိုလ်ချူပ်ကိုတောင်ရာဇ၀င်ထဲရောက်အောင်
တိုင်ထိပ်မှာချည်..လက်မောင်းသီပြီး
ခြင်္သေ့လိုရဲရင့်ကြမလို့တဲ့လေ...။
တောလုံးအရှင်ခြင်္သေ့ဘုရင်ကို
ကြောက်လို့ခစား..ယုံသငယ်များနှင့်
အရိုးအရင်းမြှောင်စား..မြေခွေးများသာ..
ခစားကြတာ....ဟု
ပုံပြင်တွေမှာဆိုထားတာ..။
ပုံပြင်အတိုင်းဆိုကာငြားမူ....
ခြင်္သေ့ကိုးကွယ်သူတို့တွေမှာ
ကြောက်လို့ခစားယုံသငယ်တော့မဖြစ်တန်ရာ..
အရိုးအရင်းမြှောင်စား..မြေခွေးများသာ
ဖြစ်မည်အံ့...၊
သြ...သနားစရာ..သနားစရာ..။
(ကြံ့ဖွတ်မဟုတ်ဘူး..မြေခွေးတဲ့....မြေခွေး)
ဒီကောင်တွေကအုပ်စုဖွဲ့ပြီးနေတယ်ပြောတယ်
တစ်ယောက်ထဲဆိုဆွဲခဲလိမ့်မယ်..။


No comments:

myspace codes
Click here for Myspace glitter graphics and Myspace layouts