Friday, August 24, 2007

ခလေး သင်ပုန်းကြီး
မန္တလေးမှာ
နေပူတော့လည်း...အရမ်းပူ
စည်ပင်လှည်းလည်း...ဖုန်ကထူ
အမှိုက်ကားမလာတာလည်း...ကြာလှဆို
ရေလာတော့လည်း..ph11
မီးလာတော့လည်း...မီတာလည်တာအရမ်း..။
မိုးရွာတော့လည်း
မြို့တစ်ဝှမ်း
မြောင်းတွေပိတ်လို့ရေတွေလွှမ်း
၈၄ ထိလှေစခန်း..။
ဆိုင်ကယ်စီးရင်
သတိအစဉ်
ရေလွှမ်းနေလို့မမြင်ရ..
လမ်းမှာအပေါက်(ချိုင့်)ရှိတယ်..ဂျ။
တာရိုးနားကနေအိမ်တွေရေ၀င်နေပြီလေ
မယုံရင်သွားကြည့်ကြ..
ကျွဲစွန်အနောက်ထိပ်က..။
၂၆ကအိမ်တွေလဲ
အောက်ထပ်နိမ့်ရင်ဝင်တာပဲ..။
ကားအပြောင်ကြီးစီးကာကွယ်
သူတို့လာကြတယ်
တခါးဖွင့်ကာဆင်းလာကြ
မျက်မှန်အမဲကြီးနဲ့ဗျ..
ဆင်းကတည်းကသုတ်လိုက်တာ
မျက်နှာsnow towel
တောင်လျှောက်မြောက်လျှောက် လျှောက်ကြည့်တော့
ခြေလှမ်း(၅၀)ပေါ့..။
ဘယ်ညာခါးမှာချိတ်ထားတာ....ဘာတွေမသိပါ
နောက်ပါတော်တွေက ပြူးတူးပြဲတဲ
ချတာအကုန်ဆွဲ..
ပိုရင်ပါဆယ်တွဲ..။
သူဘာလုပ်မလဲသိချင်ကာ
လူတွေတိုးကြတာ
ရာသီဥတုပူလို့လား
ဖျော်ရည်သောက်တာ..တအား
ဆိုဖာပေါ်ကထရပ်ကာ
ခါးပတ်လျှော့လေတာ..
ရေကိုကျိုချက်သောက်လေကြ...မိန့်တော်မူတယ်ဗျ..။
ကားပေါ်တက်ခါနှုတ်ဆက်ကာ
လက်ပြပြန်သွားတာ..
ဘာလုပ်ပေးမလဲသိချင်တဲ့
လူတွေခေါင်းစိုက်ကွဲ့..။
ရေလဲ..တိုးလျက်...ကျလျက်..။
ချွင်းချက်.........
မန်းတောင်ရိပ်မှာနေသူတွေ
သူတို့မပါပေ...
(၈)မိုင်ပတ်လည်အပြည့်တား
သီးခြားမြို့လေလား..။
၂၄နာရီ မီး၊ရေကျ
ဖုန်ရေမလွှမ်းရ..
အားကျသူတို့ကံကို.....ဂျ..။
(အပေါ်ယံမြင်ကြည့်တာ၊ဒီ့ထက်အတွင်းကျသွားရင်..
အတွင်းရောက်မှာစိုးကြောက်တယ်၊
ကျနော် လူပျို ရင်ခုန်ဆဲ၊လွတ်လပ်မှုကိုနှစ်သက်တယ်။
ဆက်လက်ရှင်သန်မယ်...။)

No comments:

myspace codes
Click here for Myspace glitter graphics and Myspace layouts