ဝရုန်းသုန်းကားနဲ့
လေလုံးထွားတဲ့စကားတွေမပြောချင်ဘူး၊
ပါးစပ်ကအမြှုပ်ထွက်ရလောက်အောင်
သူတို့ဘဲပြောစရာရှိလား...
ပြည့်နေတဲ့အိုးကျတော့ဖြည့်လိုက်ကျတာ
မပြည့်တဲ့အိုးကျတော့
ကိုယ်ချင်းစာပါတယ်ဆိုတဲ့မျက်ဝန်းတွေနဲ့...
သူတို့တွေမှာတော့
မကျေနပ်တိုင်းဖိနင်းဖို့မြက်တစ်ပင်တောင်မရှိခဲ့...
သူတို့ကျပြန်တော့
သင်္ချိုင်းကိုတောင်ခြံခတ်ချင်ကြသတဲ့၊
ရူးနေလိုက်ကြတာ
မင်းလဲအရူး
အားလုံးအရူးပဲ...
အရူးကတစ်မူးသာတယ်ဆိုတောင်
ဂန္တ၀င်အရူးပဲဖြစ်ချင်သတဲ့။
====================
လောကကြီးရဲ့
အရာတိုင်းလိုမှာ..
ပကာသနတွေနဲ့ချိန်ထိုး
ငွေလောက်သာမက်မောတတ်တဲ့
လောကီထဲကလူတစ်ချို့ရဲ့
ရင်တွင်းစိတ်မှာ
ချစ်ခြင်းဆိုတာရှိနိုင်ပါရဲ့လား.....။
မချစ်သော်လည်းအောင့်ကာနမ်းတတ်တဲ့
မျက်နှာဖုံးအတုတွေနဲ့
သူတို့တွေရဲ့ချစ်ခြင်းကရော
ဖြူစင်ပါရဲ့လား.....။
calculator မသုံးတတ်တဲ့
ငါတို့ရဲ့နှလုံးသားတွေက
မိုက်မဲလှပါသတဲ့...၊
မကုန်ခမ်းနိုင်တဲ့
ငါတို့ရဲ့ကြင်နာခြင်းတွေက
နာကြင်မှုတွေဖြစ်လာနိုင်သတဲ့...။
..........ရေ
သူတို့တွေတိုက်ခိုက်နေကြတဲ့
မိုက်မဲတယ်ဆိုတဲ့အချစ်တွေ....
နာကျင်မှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့အရာတွေ....ကို
ငါတို့နှစ်ယောက်ရဲ့
သစ္စာတရားနဲ့စီချယ်
မပျက်စီးတော့တဲ့ပုံစံအဖြစ်နဲ့
အလှဆုံးဖန်တီးပြီး
သူတို့တွေအတွက်..
ပေးလိုက်ကြရအောင်.......လက်ဆောင်...။
ချစ်ခြင်တရားရဲ့
ဖြူစင်(ခိုင်မာ)မှုကို
သူတို့နားလည်စေချင်တယ်....။
(စိတ်ကူးယဉ်ကြည့်တာပါ၊လက်တွေ့မှာမလွယ်ပါ၊
ကျနော့ဘေးမှာမရှိတာjuly:2ကတည်းကပေါ့..။)
====================
ငါ့ကိုဒုက္ခပေးတဲ့မိန်းမ
ကွမ်ရင်မယ်တော်ကယ်ပါလို့လဲ
ဆုတောင်းပါတယ်...
တောင်ပေါ်လေကြမ်းမိပါစေလို့လဲ
ဆူတောင်းပါတယ်ယ်....။
(ဂျပန်ကဗျာ ကဆိုတာပါ...။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment