Monday, September 24, 2007

ကျနော်ပြင်ဦးလွင် မှာအနေများတယ်ဗျ ၊အဲဒီမြို့အကြောင်းတော့သိပ်မသိပါဘူး။
ဒါပေမယ့် အဲဒီမှာနေတဲ့ လူတန်းစားတစ်ရပ်အကြောင်းတော့ နဲနဲသိသလိုဘဲ ဒါနဲ့
မန္တလေးရောက်တုံး အဲဒီအလွှာ ထဲကတစ်ချို့သောအပိုင်း အစတွေကို ကဗျာကယာ
နဲ့ကဗျာလိုဖန်တီးကြည့်တယ်။ အတင်းပြောတာမဟုတ်ပါ။ဝါသနာကိုမပါတာ......။

နားမှာ Sanyo
လက်မှာ Rado
ခါးမှာ Handphone
ဖွာတော့ (5) သုံးလုံး..။
ပခုံးမှာ star
ကားမှာ star
ခါးမှာ Pisto
တပ်တာ Ao
ပေါက်တော့ ဂနို
လုပ်တော့...စစ်ဗို..။
(စစ်ဗို နော် စစ်ဗိုလ် ကို ပြောတာမဟုတ်ဘူး
မလုံမလဲ မဖြစ်ကြနဲ့..နော်လို့...ကြောက်လို့ဂျ ..)
(ဂနို ဆိုတာသိတယ်နော် ၊အသားအရည်လှအောင်
လိမ်းတဲ့ Gano(ဂါနို) ဆေးတော့မထင်နဲ့ ခင်ဗျ..။ )
ကျက်သရေကင်းတဲ့
မင်းရဲ့မျက်နှာ မကြည့်ပါဘူး..
မင်းဟာ ငဖါး ကြီးဘဲဟေ့။
အရာရှိဆိုအနားကိုကပ်
ပတ်ချွဲ နှပ်ချွဲ အဖြစ်သဲတယ်
ဘာကိုလုပ်လုပ် ဆရာဆိုပြီး
ခါးကိုကိုင်းရပ် ၊သိပ်ဖားတတ်တယ်
မတ်တတ်ရပ်လဲ ကနွဲ့ကယနဲ့
ရှေ့ကို ယိုင်လဲအုံးမယ်နော်။
ဟေ့....တော်တော့ကွာ
မင်းကမှလိပ်၊ တကယ့်လိပ်
ကိုယ့်ဘက်ကိုယက်၊သိပ်ကိုခက်တယ်...၊
ကိုယ့်အိတ်ကိုဘဲ ၊ပြည့်အောင်ဖြည့်တယ်...။
ဟာ......ကိုယ့်လူတို့ ....
အတူတူနေ၊ အတူတူကြွား
ဝေကာစားပေါ့......
စကားမဆူ၊ ရန်မမူနဲ့ ..
လူတွေသိကုန်ဦးမယ်ဟေ့......။

Friday, September 21, 2007

တောလုံးအရှင်ခြင်္သေ့ဘုရင်ပဲပြောပြော
ကေသရာဇာလို့ပဲဆိုဆို..
ပခုးနှစ်ဘက်ခြားခေါင်းထွက်တဲ့
လူတစ်ယောက်တော့မဖြစ်နိုင်ဘူး..၊
တိရစ္ဆာန်ဟာတိရစ္ဆာန်ပါပဲ။
တောလုံးအရှင်ခြင်္သေ့ဘုရင်ပဲပြောပြော
ကေသရာဇာလို့ပဲဆိုဆို..
အသွေးအသက်စားမှအသက်ရှင်ရတဲ့
ခြေလေးချောင်နဲ့..
သတ္တ၀ါတစ်ကောင်ပါပဲ..။
ဒါကိုပဲ......
ရဲသယောင်..စွမ်းသယောင်
ခေတ်အဆက်ဆက်သူရဲကောင်းတွေတောင်..
ခစားရမယောင်၊
ဗိုလ်ချူပ်ကိုတောင်ရာဇ၀င်ထဲရောက်အောင်
တိုင်ထိပ်မှာချည်..လက်မောင်းသီပြီး
ခြင်္သေ့လိုရဲရင့်ကြမလို့တဲ့လေ...။
တောလုံးအရှင်ခြင်္သေ့ဘုရင်ကို
ကြောက်လို့ခစား..ယုံသငယ်များနှင့်
အရိုးအရင်းမြှောင်စား..မြေခွေးများသာ..
ခစားကြတာ....ဟု
ပုံပြင်တွေမှာဆိုထားတာ..။
ပုံပြင်အတိုင်းဆိုကာငြားမူ....
ခြင်္သေ့ကိုးကွယ်သူတို့တွေမှာ
ကြောက်လို့ခစားယုံသငယ်တော့မဖြစ်တန်ရာ..
အရိုးအရင်းမြှောင်စား..မြေခွေးများသာ
ဖြစ်မည်အံ့...၊
သြ...သနားစရာ..သနားစရာ..။
(ကြံ့ဖွတ်မဟုတ်ဘူး..မြေခွေးတဲ့....မြေခွေး)
ဒီကောင်တွေကအုပ်စုဖွဲ့ပြီးနေတယ်ပြောတယ်
တစ်ယောက်ထဲဆိုဆွဲခဲလိမ့်မယ်..။


myspace codes
Click here for Myspace glitter graphics and Myspace layouts